Pest Management

သီးနှံဖျက်ပိုးများအား စီမံခန့် ခွဲ⁠ခြင်း

(၁)
အပင် ဖျက် ပိုး များ အား စီမံခန့် ခွဲ⁠ခြင်း

 


အ⁠⁠ကြောင်း ⁠ဆွေး ⁠နွေး တင် ⁠ပြရာတွင် အဓိကကျ⁠သော ဖျက် ပိုး များ အ⁠ေ⁠ကြာင်း ⁠နှင့် ဖျက် ပိုး များ ကို⁠နှိမ်နင်း ရန် အသုံး ⁠ပြု⁠သော⁠ဆေး များ အ⁠​ကြောင်း ကိုသာအနည်း ငယ် ရှင်း ⁠ပြလို⁠ခြင်း ⁠ဖြစ် ပါသည် ။ အကျယ် ရှင်း လင်း ရန် မှာသင် တန်း သ⁠ဘောမျိုး ပို့ ချ⁠ဆွေးနွေး မှသာပို⁠ပြီး အဆင်ပြေမည် ⁠ဖြစ် ပါသ⁠ဖြင့် အား နည်း ချက် များ ပါရှိ⁠နေပါကနား လည် ⁠ပေး ပါရန် ⁠တောင်း ဆိုသမှု⁠ပြုလိုပါသည် ။

ဖျက် ပိုး များ (Pests)

ဖျက် ပိုး ဆိုသည် မှာ လူသား များ အား ထိခိုက် ပျက် စီး ⁠စေ⁠သော အပင် (သို့ မဟုတ် ) သတ္တဝါကိုဆိုလိုသည် ။ လူသား များ ကိုသာမကလူ⁠နှင့် ဆက် စပ် ⁠နေ⁠သော လုပ် ငန်း ရပ် များ (ဥပမာ-စိုက် ပျိုး ၊ ⁠မွေး ⁠မြူ⁠ရေး စသည် ) ကိုထိခိုက် ပျက် စီး ⁠စေ⁠သောအပင် ၊ သတ္တဝါမှန် သမျှသည် ဖျက် ပိုး များ သာ⁠ဖြစ် ⁠ကြပါသည် ။

စိုက် ပျိုး ထုတ် လုပ် သူအများ စု⁠နှင့် အချို့ ⁠သော စိုက် ပျိုး ⁠ရေး ပညာရှင် များ သည် ဖျက် ပိုး ဆိုသည့် စကား လုံး အား အင်း ဆက် ဖျက် ပိုး အတွက် သာ ရည် ရွယ် သုံး စွဲ⁠နေ⁠ကြပါသည် ။ သို့ ⁠သော် ဖျက် ပိုး ၏ အဓိပ္ပာယ် မှာကွဲလွဲကျယ် ⁠ပြန့် ပါသည် ။ အပင် တစ် ပင် သည် အ⁠ခြား အပင် အတွက် ဖျက် ပိုး ⁠ဖြစ် ⁠နိုင် သကဲ့ သို့ သတ္တဝါတစ် ⁠ကောင် သည် လည်း အ⁠ခြား သတ္တဝါတစ် ⁠ကောင် အတွက် ဖျက် ပိုး ⁠ဖြစ် ⁠နိုင် ပါသည် ။ ဥပမာ-စပါး ခင်း ထဲတွင် ⁠ပေါက် ⁠နေ⁠သော⁠မြေပဲပင် သည် စပါး အတွက် ⁠ပေါင်း ပင် ⁠ဖြစ် ၍ ⁠မြေပဲခင်း ထဲတွင် ⁠ပေါက် ⁠နေ⁠သော စပါး ပင် သည် မြေပဲအတွက် ⁠ပေါင်း ပင် ⁠ဖြစ် သည် ။ ထို⁠ပေါင်း ပင် သည် ဖျက် ပိုး (pest) ⁠ဖြစ် ပါသည် ။

လူတစ် ⁠ယောက် မျိုး ⁠စေ့ ⁠ကြဲစိုက် ⁠သောအခါ ⁠ကြက် ၊ ငှက် ၊ တိရိစ္ဆာန် ကဖျက် ဆီး ပါက ထို⁠ကြက် ၊ ငှက် ၊ တိရိစ္ဆာန် သည် လူအတွက် ဖျက် ပိုး (pest) ⁠ဖြစ် ပါသည် ။ ငှက် ဖျား ⁠ဖြစ် ⁠စေ⁠သော⁠ခြင် ၊ ပလိပ် ⁠ရောဂါ⁠ဖြစ် ⁠စေ⁠သော သက် ရှိ ⁠ရောဂါကူး စက် ⁠ပြန့် ပွား ⁠စေ⁠သော⁠ကြွက် များ ⁠ပေါင်း ⁠မြက် များ ၊ အင်း ဆက် များ မှသည် ခရု၊ ငှက် ယုန် ၊ ⁠ရောဂါ⁠ဖြစ် ⁠စေ⁠သောမှိုများ ၊ ဘက် တီး ရီး ယား ဗိုင်း ရပ် စ် ၊ နီမတုတ် စသည် အထိဖျက် ပိုး များ စွာ ရှိ⁠နေပါသည် ။ ထိုသို့ ကွဲ⁠ပြား ⁠နေ⁠သောဖျက် ပိုး များ အလိုက် ကာကွယ် ⁠နှိမ် နင်း ရန် ဖန် တီး ⁠ပြုလုပ် အသုံး ချ⁠သော ပစ္စည်း များ အား ဖျက် ပိုး သတ် ⁠ဆေး (pesticide) ဟု⁠ခေါ်ဆိုသတ် မှတ် ⁠ကြပါသည် ။ တနည်း အား ⁠ဖြင့် ဖျက် ပိုး များ အား ⁠နှိမ် နင်း ရန် အသုံး ⁠ပြု⁠သော မည် သည့် ဓာတုပစ္စည်း ကိုမဆို ဖျက် ပိုး သတ် ⁠ဆေး (pesticide) ဟု⁠ခေါ်ဆို⁠နိုင် ပါသည် ။ ထို့ အ⁠ပြင် အရွက် ကြွေ⁠ဆေး ၊ အပင် ⁠ကြီး ထွား မှုအား လှုံ့ ⁠ဆော် ဟန့် တား ⁠သော ပစ္စည်း စသည် တို့ ကိုလည်း ဖျက် ပိုး သတ် ⁠ဆေး (pesticide) ဟု ⁠ခေါ်⁠ဝေါ်⁠ကြပါသည် ။

(၂)
ဖျက် ပိုး အမျိုး အစား အလိုက် အသုံး ⁠ပြု⁠သော ဖျက် ပိုး သတ် ⁠ဆေး များ ကို အ⁠ကြမ်း အား ⁠ဖြင့် ⁠ဖော် ⁠ပြအပ် ပါသည် ။

၁။ Insecticide(အင်းဆက်ပိုးသတ် ⁠ဆေး )
၂။ Fungicide(မှိုသတ် ⁠ဆေး )
၃။ Herbicide(⁠ပေါင်း ⁠မြက် သတ် ⁠ဆေး )
၄။ Bactericide(ဘက် တီး ရီး ယား သတ် ⁠ဆေး )
၅။ Miticide/Acardicide(မွှား ပင့် ကူသတ် ⁠ဆေး )
၆။ Nematicide(နီမတုတ် သတ် ⁠ဆေး )
၇။ Rodenticide(⁠ကြွက် သတ် ⁠ဆေး )
၈။ Molluscicide(ခရုပက် ကျိသတ် ⁠ဆေး )
၉။ Piscicide(ငါး သတ် ⁠ဆေး )
၁၀။ Avicide(ငှက် သတ် ⁠ဆေး )
၁၁။ Algaecide(⁠ရေညှိ⁠ရေ⁠မှော် သတ် ⁠ဆေး )
၁၂။ Defoliant(အရွက် ⁠⁠ကြွေဆေး )
၁၃။ Desiccant(ပိုး ခြောက် ⁠သေ⁠ဆေး )
၁၄။ Lampricide(လမ် ပ⁠ရေး ငါး သတ် ⁠ဆေး )
၁၅။ Wood Preservative(သစ် သား ပိုး သတ် ⁠ဆေး )
၁၆။ Repellent(တွန်း လှန် ကာကွယ် ⁠ဆေး )
၁၇။ Insect Growth Regulator
(အင်း ဆက် ⁠ကြီး ထွား မှုထိန်း ချုပ် ⁠ဆေး ) ၁၈။ Plant Growth Regulator
(အပင် ⁠ကြီး ထွား မှုထိန်း ချုပ် ⁠ဆေး )
၁၉။ Pheromone(ပိုး မွှား ဆွဲ⁠ဆောင် မျှား ⁠ခေါ်⁠ဆေး )
၂၀။ Disinfectant
(ပိုး သတ် ပိုး သန့် စင် ⁠ဆေး )

ထိုသို့ ဖျက် ပိုး အလိုက် ကွဲ⁠ပြား ⁠သောဖျက် ပိုး သတ် ⁠ဆေး ဖျက် ပိုး ကာကွယ် ⁠နှိမ် နင်း ⁠ဆေး များ အ⁠ပြင် ⁠ဆေး ရွက် ⁠ကြီး ၊ တမာ၊ ⁠ဆေး ဂ⁠န္ဓမာ၊ ဟုန်း ⁠နွယ် စသည့် ရုက္ခ⁠ဗေဒပိုး သတ် ⁠ဆေး (Botanical Pesticide) များ လည်း ရှိ⁠ကြပါသည် ။ သဘာဝပိုး သတ် ⁠ဆေး (Organic Pesticide) ဟုလည်း ⁠ခေါ်⁠ဝေါ်⁠ကြသုံး စွဲ⁠ကြပါသည် ။

ဖျက် ပိုး များ (Pests) ⁠နှင့် ဖျက် ပိုး သတ် ⁠ဆေး များ (Pesticides) အ⁠ေ⁠ကြာင်း သည် ပညာရပ် ဆိုင် ရာအရလည်း ⁠ကောင်း လက် ⁠တွေ့ အသုံး ချမှုဆိုင် ရာအရလည်း ⁠ကောင်း ⁠လေ့ လာ⁠ဆွေး နွေးရန် နယ် ပယ် ကျယ် ဝန်း လှပါသည် ။ ယခုတင် ⁠ပြထား ⁠သော ဖျက် ပိုး အမျိုး အစား အလိုက် ဖျက် ပိုး သတ် ⁠ဆေး များ ထဲမှပထမ⁠ဖြစ် ⁠သော စိုက် ပျိုး ထုတ် လုပ် သူအများ စုသိရှိ⁠ပြီး ⁠ဖြစ် ⁠သော အင်း ဆက် ⁠နှင့် အင်း ဆက် ပိုး သတ် ⁠ဆေး များ ကို ဥပမာအ⁠နေ⁠ဖြင့် တင် ⁠ပြ⁠ဆွေးနွေးလိုပါသည် ။ ယခုတင် ⁠ပြ⁠ဆွေးနွေးမှုကို⁠လေ့ လာ⁠ပြီး အမျိုး ⁠နှစ် ဆယ် ⁠ကျော် ၏ နယ် ပယ် ကျယ် ⁠ပြန့် မှုကို စဉ်း စား သုံး သပ် ⁠စေလိုပါသည် ။

(၃)

အင်း ဆက် (Insect)

အင်း ဆက် တစ် ⁠ကောင် တွင် ခ⁠န္ဓာကိုယ် အပိုင်း (၃) ပိုင်း ပါရှိပါသည် ။
၁။ ဦး ⁠ခေါင်း ပိုင်း (Head)
၂။ ရင် အုပ် ပိုင်း (Thorax)
၃။ ဝမ်း ဗိုက် ပိုင်း (Abdomen) ဟူ၍⁠ဖြစ် ပါသည် ။

အာရုံခံဦး မှင် တစ် စုံ(One pair antenna) ပါရှိပါသည် ။ ‎ခြေ⁠ထောက် (၆) ⁠ချောင်း ပါရှိပါသည် ။အ⁠တောင် ပံတစ် စုံ(သို့ ) ⁠နှစ် စုံပါရှိပါသည် ။ (အ⁠တောင် မဲ့ အင်း ဆက် များ လည်း ရှိပါသည် ။ ) အင်း ဆက် များ သည် မျိုး ⁠ပေါင်း စု(Phyllum), Arthropoda အတွင်း ရှိ မျိုးစဉ် (Order) Insecta တွင် ပါဝင် ⁠သော သက် ရှိပိုး ⁠ကောင် များ ⁠ဖြစ် သည် ။

အင်း ဆက် မျိုး စဉ် အုပ် စု (၂၉) ခုရှိပါသည် ။ အင်း ဆက် မဟုတ် ⁠သောအ⁠ခြားခြေ (၆) ⁠ချောင်း ပါ အုပ် စု(၃) ခု⁠ပေါင်း လျှင် စုစု⁠ပေါင်း မျိုး စဉ် (၃၂) ခုရှိပါသည် ။၎င်းတို့ မှာ

၁။ Protura
၂။ Collemboia
၃။ Diplura
၄။ Archaeognatha
၅။ Thysanura
၆။ Ephemeroptera
၇။ Odonata
၈။ Orthoptera
၉။ Phasmatodea
၁၀။ Grylloblattodea
၁၁။ Dermaptera
၁၂။ Isoptera
၁၃။ Blattodea/Blattaria
၁၄။ Mantodea
၁၅။ Zoraptera
၁၆။ Plecoptera
၁၇။ Embiidina/Embioptera
၁၈။ Thysanoptera
၁၉။ Hemiptera
၂၀။ Psocoptera
၂၁။ Phthiraptera
၂၂။ Coleoptera
၂၃။ Neuroptera
၂၄။ Megaloptera
၂၅။ Raphidioptera
၂၆။ Hymenoptera
၂၇။ Trichoptera
၂၈။ Lepidoptera
၂၉။ Mecoptera
၃၀။ Siphonaptera
၃၁။ Diptera
၃၂။ Strepsiptera-တို့ ⁠ဖြစ် ⁠ကြပါသည် ။
ဤအင်း ဆက် မျိုး စဉ် များ ထဲမှစိုက် ပျိုး ထုတ် လုပ် သူ အများ စုရင်းနှီးသောအင်း ဆက် မျိုး စဉ် များ မှာ

 

၁။လိပ် ⁠ပြာဖလံအုပ်စု(Lepidoptera)
၂။ကျိုင်း အုပ် စု(Coleoptera)
၃။ ဂျပိုး အုပ် စု(Hemiptera)
၄။ လှေး အုပ် စု(Thysanoptera)
၅။ ယင် ⁠ကောင် အုပ် စု(Diptera)
၆။ ခြအုပ် စု(Isoptera)
၇။ နှံကောင် အုပ် စု(Orthoptera)
၈။ ပျား ၊ နဂျီ၊ ပုရွက်ဆိတ် အုပ်စု(Hymenoptera)
၉။ သန်း (⁠ကြက် ၊ ⁠ခွေး ) အုပ် စု(Siphonaptera) နှင့်
၁၀။ ပုစဉ်း အုပ် စု(Odonata) စသည် တို့ ⁠ဖြစ် ⁠ကြပါသည် ။

(၄)

တဖန် အင်း ဆက် များ တွင် မတူညီ⁠သောဘဝစက် ဝန်း ရှိ⁠ကြပါသည် ။၎င်းတို့မှာ
⁠ပြည့် စုံ⁠သောဘဝစက် ဝန်း ⁠နှင့် မ⁠ပြည့် စုံ⁠သော ဘဝစက် ဝန်း ဟူ၍⁠ဖြစ် ပါသည် ။ ဘဝစက် ဝန်း ကို စိုက် ပျိုး ⁠ရေး ပညာရှင် များ ⁠နှင့် အချို့ ⁠သော စိုက် ပျိုး ထုတ် လုပ် သူများ သိရှိ⁠ကြ⁠သော် လည်း အများ စုမသိရှိစိတ် မဝင် စား ⁠ကြပါ။ ဘဝစက် ဝန်း ကိုသိရှိထား ⁠ခြင်း သည် လည်း ပိုး ကာကွယ် ⁠နှိမ် နင်း မှုကိုအ⁠ထောက် အကူ⁠ပြုပါသည် ။

တဖန် ဖျက် ပိုး များ ၏ ⁠နေထိုင် စား ⁠သောက် မှု ဖျက် ဆီး ပုံလက္ခဏာများ ၊ ရာသီဥတု⁠နှင့် ဆက် ⁠နွယ် မှု အင်း ဆက် ဖျက် ပိုး များ ⁠ကြိုက် ⁠နှစ် သက် သည့် ဝန်း ကျင်အ⁠ခြေအ⁠နေ၊ ⁠ရွေး ချယ် ရမည့် အင်း ဆက် သတ် ⁠ဆေး အမျိုး အစား ၊ ⁠နှုန်း ထား စသည် တို့ ကိုလည်း သိရှိစီမံခန့် ခွဲဖို့ ရာလိုအပ် ချက် များ ရှိ⁠နေပါသည် ။

အင်း ဆက် ဖျက် ပိုး တစ် ခုတည်း သာမက အ⁠ခြား မှို⁠ရောဂါများ ၊ ⁠ပေါင်း ⁠မြက် ၊ ဘက် တီး ရီး ယား ၊နီမတုတ် စသည် တို့ ကိုလည်း နယ် ပယ် ကျယ် သည့် ⁠နှင့် အမျှ ⁠လေ့ လာအသုံး ချမှုဆိုင် ရာအား သာ၊ အားနည်း ချက် များ ရှိ⁠နေမည် ⁠ဖြစ် သည် ။ ⁠ပြဿနာတစ် ခုအတွက် အ⁠ဖြေတစ် ခုတည်း ⁠ဖြင့် လုံ⁠လောက် ⁠သောအခြေအ⁠နေသည် စိုက်ပျိုးရေး ⁠လောကတွင်အလွန် ခဲယဉ်း ⁠သောကိစ္စ⁠ဖြစ် ပါသည် ။ထို့ ကြောင့် ဘက် ⁠ပေါင်း စုံမှရှု⁠မြင် သုံးသပ်၍ အ⁠ကောင်း ဆုံး ရလဒ် ⁠ဖြစ် ⁠အောင် စိုက် ပျိုး ⁠ရေး ပညာရှင် များ ၊ စိုက် ပျိုး ထုတ် လုပ် သူများ စု⁠ပေါင်း တည် ⁠ဆောက် ⁠ဆွေးနွေး အ⁠ကြံယူ ကျင့် ⁠ဆောင် ရပါမည် ။

ရေရှည် တိုး တက် ⁠ကောင်း မွန် ⁠အောင် ⁠ကြိုး ပမ်း အား ထုတ် ရပါမည် ။ ဖျက် ပိုး များ အ⁠ေ⁠ကြာင်း နယ် ပယ် ကျယ် ဝန်း သကဲ့ သို့ ဖျက် ပိုး သတ် ⁠ဆေး များ သည် လည်း ⁠လေ့ လာ၍လက် ⁠တွေ့ အသုံး ချရန် နယ် ပယ် ကျယ် ဝန် း ⁠နေ⁠ပြန် ပါသည် ။

(၅)

အင်း ဆက် အကြောင်း⁠နှင့် ဆက် စပ် ၍ အင်း ဆက် ပိုး သတ် ⁠ဆေး များ အ⁠ေ⁠ကြာင်း အ⁠ကြမ်း အား ⁠ဖြင့် ဆက် လက် ⁠ဆွေးနွေး လိုပါသည် ။ ပိုး သတ် ⁠ဆေး များ တွင် လည်း သက် ဆိုင် ရာအလိုက် အုပ် စုများ ခွဲ⁠ခြား ထား ပါသည် ။

၁။ ကလိုရင်း ပါ⁠သောပိုး သတ် ⁠ဆေး (Organochlorine Insecticide)
၂။ ⁠ဖော့ စဖရပ် ပါ⁠သောပိုး သတ် ⁠ဆေး (Organophosphorous Insecticide)
၃။ ကာဗာမိတ် ⁠ဆေး များ (Carbamate) ၄။ ⁠ဆေး ဂ⁠န္ဓမာပိုး သတ် ⁠ဆေး (Synthetic Pyrethroid)
၅။ အဆိပ် ⁠ငွေ့ မှိုင်း တိုက် ⁠ဆေး များ (Fumigant)
၆။ ပဋိဇီဝ⁠ဆေး များ (Antibiotic)
၇။ ⁠နိုက် ထရိုဂွာနီဒင်း ⁠ဆေး များ (Nitroguanidine)
၈။ သိုင် အိုကာဗာမိတ် ⁠ဆေး များ (Thiocarbamate) စသည် တို့ အ⁠ပြင် သဘာဝပိုး သတ် ⁠ဆေး များ လည်း ရှိ⁠ကြပါသည် ။ အုပ် စုအလိုက် ⁠ဆေး များ ထပ် မံကွဲ⁠ပြား ⁠ပြီး အင်း ဆက် ပိုး သတ် ⁠ဆေး အများ အ⁠ပြား ရှိပါသည် ။

ထိုကဲ့ သို⁠ဆေး အုပ် စုများ အ⁠ပြင် အခြေခံသိထား သင့် ⁠သော အချက် များမှာအဆိပ် အာနိသင် ရှိ⁠သောပစ္စည်း (active ingredient) ၊ ပါဝင် မှုရာခိုင် ⁠နှုန်း ၊ အ⁠ရောပစ္စည်း ၊ ⁠ဖော် စပ် မှုပုံစံ၊ ⁠နှုန်း ထား ၊ အဆိပ် သင့် မှုပုံစံ ၊မရိတ်သိမ်း မှီ⁠ဆေး ⁠ဖြန်း ⁠ခြင်း ⁠ရှောင် ကျဉ် ရမည့် ကာလ (သို့ မဟုတ် ) ⁠ဆေး⁠ဖြန်း⁠ပြီးရိတ် သိမ်း ⁠နိုင် ⁠သောကာလ (PHI-Pre Harvest Interval) ၊ အ⁠န္တရာယ် ကင်း စွာ သုံး စွဲရမည့် စနစ် များ စသည် တို့ ⁠ဖြစ် ပါသည် ။

‎အဆိပ် အာနိသင် ရှိပစ္စည်း (a.i) အကြောင်း နမူနာတင် ⁠ပြရှင်း လင်း ချင် ပါသည် ။ စိုက် ပျိုး ထုတ် လုပ် သူအများ စုအသုံး ⁠ပြု⁠သော ⁠ဆေး ဂ⁠န္ဓမာ (Synthetic Pyrethroid) အုပ် စုဝင် ဆိုက် ပါမီသရင် -၁၀ အီး စီအား ဥပမာ⁠ပေး လိုပါသည် ။ ဆိုက် ပါမီသရင် ၁၀အီး စီ (cypermethrin 10EC) အ⁠လေးချိန် အချိုး ထုထည် (W/V=Weight by volume) တွင် အဆိပ် ရှိပစ္စည်း (a.i) ပါဝင် မှုရာခိုင် ⁠နှုန်း မှာ ၁၀-⁠ဖြစ် ပါသည် ။

ထို့ ကြောင့် ပိုးသတ်⁠ဆေး တစ် လီတာပုလင်း (၁၀၀၀ စီစီ) တွင် အဆိပ် ရှိပစ္စည်း -(၁၀၀ ) စီစီပါရှိပါသည် ။ ကျန် (၉၀၀ ) စီစီမှာအ⁠ရော
ပစ္စည်း ⁠ဖြစ် ပါသည် ။ ထို့ အတူ ⁠ဆေး ရည် (၁၀၀ ) စီစီတွင်ပါဝင်သော အဆိပ် ရှိပစ္စည် မှာ (၁၀) စီစီရှိ၍ ⁠ဆေး တစ် ဇွန်း (၁၀) စီစီတွင် အဆိပ် ရှိပစ္စည်း ပါဝင် မှုမှာ (၁) စီစီသာ⁠ဖြစ် ပါသည် ။ ရည် ရွယ် လို⁠သောအကြောင်း အရာမှာ ⁠ရေ (၅) ဂါလံ⁠ဆေး ⁠ဖြန်း ပုံး တစ် ပုံးလျှင် ဆိုက် ပါမီသရင် (၁၀ ) အီး စီ(၅) ဇွန်း ထည့် ၍ သီး ⁠နှံဖျက် ပိုး များ ကို⁠ဖြန်း ⁠သောအခါ အဆိပ် ရှိပစ္စည်း ငါး ဇွန်း (၅၀) စီစီ⁠ဖြန်း ⁠ခြင်း မဟုတ် ဘဲ (၅) စီစီ၊ ဇွန်း ဝက် ပမာဏခန့် သာ⁠ဖြန်း သည် ⁠ဖြစ်ကြောင်း သိရှိ⁠စေလို⁠ခြင်း ⁠ဖြစ် ပါသည် ။

ထို့ အ⁠ပြင် ထပ် မံသိရှိရန် လိုအပ် ⁠သောအချက် တစ် ချက် မှာ သ/န ၅၀ အကြောင်း ⁠ဖြစ် ပါသည် ။ သ/န ၅၀=⁠သေ⁠နှုန်း ၅၀ရာခိုင် ⁠နှုန်း (LD50=50%Lethal Dose) သည် ယူနစ် ⁠ဖော်ပြချက် တစ် ခု⁠ဖြစ် ပါသည် ။ ပိုး သတ် ⁠ဆေး များ သည် တစ် မျိုး ⁠နှင့် တစ် မျိုး သ/န၅၀(LD 50) မတူညီ⁠ကြပါ။ သ/န ၅၀(LD 50) ကို မီလီဂရမ် အချိုး ကီလိုဂရမ် (mg/kg) သန်း ခိုင် ⁠နှုန်း ⁠ဖြင့် ⁠ဖော် ⁠ပြ⁠ကြပါသည် ။ အစမ်း သပ် ခံတိရိ စ္ဆာန် များ (၅၀ )ရာခိုင် ⁠နှုန်း ⁠သေရန် လိုအပ် ⁠သောအဆိပ် ပမာဏကို⁠ဖော် ⁠ပြ⁠ခြင်း ⁠ဖြစ် သည် ။ ဆိုလိုသည် မှာ⁠ကြွက် အ⁠ကောင် (၁၀၀ )စမ်း သပ်လျှင် (၅၀ ) ကို⁠သေ⁠စေ⁠နိုင် ⁠သောအဆိပ် ပမာဏ၊ ⁠ကြွက် အ⁠ကောင် (၅၀)ကိုစမ်း လျှင် (၂၅)⁠ ကောင် ⁠သေ⁠စေ⁠နိုင် ⁠သောအဆိပ် ပမာဏ⁠ဖြစ်ပါသည် ။ အ⁠ကောင် ၏ အ⁠လေး ချိန် ကိုကီလိုဂရမ် ၊ အဆိပ် ပမာဏကိုမီလီဂရမ် ⁠ဖြင့် သတ် မှတ် ⁠ဖော် ⁠ပြသည် ။ စိုက် ပျိုး ထုတ် လုပ် သူများ အ⁠နေ⁠ဖြင့် အဆိပ် ရှိပစ္စည်း (a.i) ⁠နှင့် ပါဝင် မှုရာခိုင် ⁠နှုန်း ကိုအလွယ် တကူသိ⁠နိုင် ⁠သော် လည်း သ/န၅၀(LD 50) ကိုသိရှိရန် အခက် အခဲရှိပါသည် ။

သ/န ၅၀(LD 50) ⁠နှင့် ပက် သက် ၍ စဉ်း စား ⁠မေး ⁠မြန်း ချင် ⁠သောစိုက် ပျိုး ထုတ် လုပ် သူများ ၏ စကား တစ် ခွန်း ရှိလာ⁠နိုင် ပါသည် ။ ဘာ⁠ေ⁠ကြာင့် (၁၀၀%)⁠သေ⁠အောင် မစမ်း သပ် တာလဲ ဘာကြောင့် (၁၀၀%) လုံး ⁠သေမယ့် အဆိပ် ပမာဏကို မ⁠ဖော် ⁠ပြတာလဲဟူ⁠သော⁠မေး ခွန်း ⁠ဖြစ် ပါသည် ။ ပိုးသတ် ⁠ဆေး များ သည် ဖျက် ပိုး များ သာမက မိတ် ⁠ဆွေပိုး များ ၊ လူ၊ တိရိစ္ဆာန် ၊ သဘာဝပတ် ဝန်း ကျင် အစရှိသည် ကိုလည်း ထိခိုက် ⁠နိုင် ပါသည် ။ လက်ရှိတွင် စိုက်ပျိုးသူအများစု လွဲမှားနေသော အယူအဆမှာ ပိုး သတ် ⁠ဆေး အသုံး ⁠ပြု⁠ခြင်းဖြင့် ပိုး အား လုံး ⁠သေ⁠စေမည်ဟူ၍ ထင်မှတ်နေခြင်းဖြစ်သည်။ ⁠ဖြစ် လည်း မ⁠ဖြစ် သင့် ပါ။ စီး ပွား ⁠ရေး အကျိုး အ⁠မြတ် မထိခိုက် ⁠အောင် ကာကွယ် တား ဆီး ⁠နှိမ် နင်း ⁠ခြင်း သာ⁠ဖြစ် သင့် ပါသည် ။ (LD 50) ကို (LD 100) ⁠ဖြစ် စရာမလိုပါ။ လိုအပ် ပါက⁠နှုန်း ထား ⁠မြှင့် ဖျန်း ရုံ⁠ဖြင့် ရ⁠နိုင် ပါသည် ။

အင်း ဆက် ပိုး သတ် ⁠ဆေး များ တွင် ⁠ဖြန်း ရမည့် ⁠နှုန်း ထား များ ပါရှိပါသည် ။ စနစ် တကျသုံး စွဲရပါမည် ။ ⁠ဆေး ⁠ဖြန်း ကိရိယာများ ⁠ကောင်း မွန် ပါမည် ။ ဖျက် ပိုး ကျ⁠ရောက် မှု ဆိုး ရွား ⁠ခြင်း များ ၏ အခြေခံ အ⁠ကြောင်း များ တွင် ⁠ဆေး သုံး စွဲမှု စနစ် မကျ⁠ခြင်း သည် လည်း တစ် ခုအပါအဝင် ⁠ဖြစ် သည် ။ ပိုး သတ် ⁠ဆေး အဆိပ် သင့် ⁠ခြင်း ၊အသက် အ⁠န္တရာယ် ထိခိုက် ⁠နိုင် ⁠ခြင်း ၊ဂေဟစနစ် ကို ထိခိုက် ⁠ခြင်း စသည့် ဆိုး ကျိုး များ ရှိ⁠နေသည့် အတွက် မျှ⁠ခြေသ⁠ဘောမျိုး ⁠ဖြစ် ရန် လူသား များ အတွက် ကာကွယ် ကုသမှု အခွင့် အလမ်း ရရန် (LD 50) ကို (LD 100) သို့ ပြောင်းလဲရန် မလိုအပ်ပါ။ ရာနှုန်းပြည့် သေစေခြင်းမျိုး မ့ဖြစ်နိုင်ပါ။

(၆)

အင်း ဆက် ပိုး သတ် ⁠ဆေး များ ကို အရည် ၊ အခဲ၊ အမှုန့် ထုပ် ပိုး မှုပုံစံများ အရ အဆိပ် ရှိပစ္စည်း (a.i %) ကို w/w=weight by weight (အ⁠လေး ချိန် အချိုး အ⁠လေး ချိန် ) နှင့် w/v=weight by volume (အ⁠လေး ချိန် အချိုး ထုထည် ) g/l=gram per liter (ဂရမ် အချိုး လီတာ) g/kg=gram per kilogram (ဂရမ် အချိုး ကီလိုဂရမ် ) အစရှိသ⁠ဖြင့် ⁠ဖော် ⁠ပြ⁠ကြပါသည် ။

ဖော် စပ် ထုတ် လုပ် မှုပုံစံများ မှာ DP=Dustable Powder
WP=Wettable Powder EC=Emulsifiable Concentrate SL=Soluble Concentrate GR=Granular Formulation Aerosols Formulation Baits Formulation WG=Water Dispersible Granules SC=Suspension Concentrate CE=Concentrated Emulsion ME=Microemulsion
CR=Controlled Release Formulation SE=Suspo-emulsion Formulation WT=Tablet Formulation Multiple Emulsion Formulation ,Gel, Bait အစရှိသ⁠ဖြင့် အမျိုး မျိုး ကွဲ⁠ပြား ⁠နိုင် ပါသည် ။ တစ် ဧက⁠ဖြန်း ရမည့် ⁠နှုန်း ထား၊ ⁠ဆေး တစ် ပုံး ၊ ⁠ရေတစ် ဂါလံ⁠နှုန်း ထား အဆိပ် သင့် မှုအာနိသင် ပုံစံစသည် တို့ သည် လည်း ⁠ဆေး အမျိုး အစား လိုက် ကွဲ⁠ပြား ပါသည် ။ စနစ် တကျ⁠လေ့ လာအသုံး ⁠ပြုသင့်ပါသည် ။

ဆွေးနွေး တင် ⁠ပြထား သည် များ ကို အ⁠နှစ် ချုပ် ⁠ပြန် သုံး သပ် လျှင် ဖျက် ပိုး အလိုက် ဖျက် ပိုး သတ် ⁠ဆေး များ ရှိပါသည် ။
ကနဦး တင် ⁠ပြထား ⁠သောအချက် (၂၀) ထဲမှ အင်း ဆက် ⁠နှင့် ပိုး သတ် ⁠ဆေး များ အကြောင်းတစ် ခုတည်း ကို နမူနာ⁠လေ့ လာ⁠ဆွေးနွေး ⁠ကြည့် ⁠သောအခါ နယ် ကျယ် ⁠ပြီး အ⁠သေး စိတ် သိရှိရန် ခက် ခဲအား နည်း ⁠နိုင်ကြောင်း ⁠တွေ့ ရှိရပါသည် ။ တဖန် ⁠ပေါင်း ⁠မြက် များ တွင် လည်း ⁠ပေါင်း အုပ် စုအမျိုး မျိုး ⁠ပေါင်း သတ် ⁠ဆေး များ ၊ အသုံး ⁠ပြုပုံနည်း စနစ် များ စသည် ⁠ဖြင့် များ စွာ⁠လေ့ လာသိရှိရန် လိုအပ် ⁠နေ⁠ကြပါသည် ။ မှို⁠ရောဂါ၊ ဘက် တီး ရီး ယား ⁠ရောဂါ၊ နီမတုတ် များ အကြောင်း ဆက် လက် မျှ⁠ဝေ⁠ဆွေးနွေး ⁠လေ့ လာ ⁠ကြရပါမည် ။

အပင် ⁠ဟော် မုန်း များ ၊ ⁠ကြွက် အ⁠န္တရာယ် ⁠နောက် ဖွံ့ ⁠ဖြိုး လာသည် ⁠နှင့် အမျှ အသုံး ⁠ပြုသင့် ⁠သော IGRများ ၊ အ⁠ခြား Pheromone များ စသ⁠ဖြင့် စိုက် ပျိုး ⁠ရေး ပညာရှင် များ ၊ စိုက် ပျိုး ထုတ် လုပ် သူများ သည် အ⁠ပြုသ⁠ဘော⁠ဆောင် ၍ အကျိုး ⁠ဖြစ် ထွန်း ⁠စေ⁠နိုင် ⁠သောစနစ် ၊ နည်း ပညာများ ကို⁠ကြိုး စား ⁠ဖော် ⁠ဆောင် လုပ် ကိုင် သွား ရမည် ⁠ဖြစ်ပါသည် ။

အညမည သ⁠ဘော⁠ဆောင် ၍ သဟဇာတ⁠ဖြစ် ⁠အောင် ⁠ပြုမူကျင့် ⁠ကြံရင်း စိုက် ပျိုး ⁠ရေး အခြေခံ လူမှုစီး ပွား ⁠ရေး ကို ထူ⁠ထောင် ရပါမည် ။ နည်း ပညာအား နည်း မှု၊ ⁠ဈေး ကွက် အခက် အခဲ ၊စီမံခန့် ခွဲမှုစနစ် မရှိ⁠ခြင်း ၊ ရာသီဥတု၊ ကြွေး⁠မြီအခက် အခဲများ စသည့် လုပ် ငန်း ဆိုင် ရာ အား နည်း ချက် များကြောင့်စိုက် ပျိုး ထုတ် လုပ် သူများ မှာလည်း အ⁠ေ⁠ခြမလှ ⁠ဖြစ် ⁠နေရသည် ။ ထိုအခက် အခဲအား နည်း ချက် များ ကို ⁠ကျော် လွှား ⁠ဖြတ် သန်း ⁠ပြီး တိုး တက် ⁠အောင် ⁠မြင် မှုရ⁠စေရန် စိုက် ပျိုး ထုတ် လုပ် သူများ ၊ စိုက် ပျိုး ⁠ရေး ပညာရှင် များ အစိုး ရ⁠နှင့် အစိုး ရမဟုတ် ⁠သော အဖွဲ့ အစည်း များ ကုမ္ပဏီများ ၊ တစ် သီး ပုဂ္ဂလပံ့ ပိုး မှုများ စသည့် ဘက် ⁠ပေါင်း စုံ၏ ကူညီဝိုင်း ဝန်း မျှ⁠ဝေ⁠ပေး မှု လိုအပ် ပါသည် ။ ဆိုင် ရာဆိုင် ရာ လုပ် ငန်း တာဝန် များ ကို⁠ကြိုး စား လုပ် ⁠ဆောင် ရင်း စိုက် ပျိုး ⁠ရေး အနာဂတ် လမ်းကြောင်း သစ် ကို ⁠ဖော် ⁠ဆောင် သင့် ပါကြောင်း အပင် ဖျက် ပိုး များ အား စီမံခန့် ခွဲ⁠ခြင်း ⁠နှင့် ဆက် စပ် ⁠တွေး ဆအကျိုး ⁠ဖြစ် ⁠စေရန် တိုက် တွန်း အ⁠ကြံ⁠ပြုရင်းနိဂုံးချုပ် အပ်ပါသည် ခင် ဗျာ။

 

Credit by Swenyein

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897