ယခုတလော ထိပ်ထိပ်ပြာပြာ ဖြစ်လာတာကတော့ ကန္တာရကျိုင်းကောင်ဆိုတဲ့ သီးနှံဖျက်ပိုးတစ်မျိုးဘဲ ဖြစ်ပါတယ်။ ကန္တာရကျိုင်းကောင်ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသများသို့ ခြေဆန့်ခဲ့ပါတယ်။ ကင်ညာ၊ အီရန်၊ ပါကစ္စတန်သို့ ကျုးကျော်လာပြီး အိန္ဒိယထိ ခြေချလာခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယနဲ့ကပ်လျက် ဘင်္ဂလားဒေ့ရှ် အနောက်ဘက်ခြမ်းထိ ခြေကုတ်ယူနေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ လက်တကမ်းမှာရှိတဲ့ နယ်စပ်က မြန်မာပြည်ရဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အနောက်ဘက်ခြမ်းတွေမှာ အချိန်တိုအတွင်း ကန္တာရကျိုင်းကောင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ အခြေအနေရှိတဲ့အတွက် အထူးသတိပြုရန် လိုအပ်ပါတယ်။

တောင်သူ လယ်သမားများသည် မြေဆီလွှာကို ကောင်းအောင် ပြုပြင်မွမ်းမံ၍ သီးနှံများ အထွက်ကောင်းအောင် စိုက်ပျိုးကြရသည်။ သီးနှံပင်များသည် ၎င်းတို့ အသက်ရှင် ကြီးထွားဖွံ့ဖြိုးရန်နှင့် သားဆက် ပြန့်ပွားရန်အတွက် သီးနှံပင်အမြစ်များက မြေတွင်းမှ အာဟာရများကို စုပ်ယူပြီး နေရောင်ခြည်ဖြင့် အစာချက်လုပ်ရသည်။သို့အတွက်မြေဆီလွှာအတွင်း ရူပစွမ်းရည်၊ ဓာတုစွမ်းရည်၊ ဇီဝစွမ်းရည်နှင့် ပြည့်ဝနေပြီး အာဟာရများနှင့် ပြည်ဝနေရန် လိုအပ်သည်။ မြေဆီလွှာသည် အဆိုပါစွမ်းရည်သုံးရပ် နှင့် ပြည့်ဝနေမှသာ မြေဆီလွှာအရှင်အဖြစ်ရှိပြီး သီးနှံကောင်းစွာ အထွက်တိုးနေမည်။ စွမ်းရည်သုံးရပ်နှင့် မပြည့်စုံလျှင် မြေဆီလွှာ အသေဖြစ်နေပြီး သီးနှံအထွက် ဆုတ်ယုတ်စေသည်။

ဒီအပတ် မြေပဲစိုက်ပျိုးတဲ့ နေရာတွေမှာ မြေပဲဥဆင်းနဲလို့ဆိုပြီး တက်လာတဲ့သတင်းတွေ တော်တော်များပါတယ်။ မြေပဲ အပင်တွေ ကောင်းပြီး ဥအုတာနည်းတော့ အထွက်နည်းလို့ တွက်ခြေမကိုက်ကြဘူးလို့လဲ ပြောသံတွေ ကြားနေပါတယ်။
မြေပဲ အထွက်ကောင်းဖို့ နုန်းမြေနဲ့နုန်းဆန်တဲ့ မြေစေး ကိုပိုကြိုက်တယ်ဗျ။ မိုးရေချိန် ၃၀၀-၄၀၀ မီလီမီတာ ရွာသွန်းတဲ့ ဒေသဆိုရင် အထွက်ကောင်းတယ်။ မြေပဲမြစ်ဟာ မြေအစိုဓာတ်နည်းရင် မြေထဲကို နက်နက် ဆင်းလေ့ရှိတယ်။ ပင်ပြန့်မြေပဲဟာ အနက် ၂၈၀ စင်တီမီတာဆင်းနိုင်ပြီး ပင်ထောင် မြေပဲဟာ ၁၇၀ စင်တီမီတာ ဆင်းနိုင်တယ်ဗျ။ ပန်း ပွင့်ချိန်၊ အပင်ပိုင်း ကြီးထွားချိန်၊ အစေ့တည်ချိန်တို့မှာ မြေတွင်း အစိုဓာတ်ပြတ်ရင် ပန်းပွင့်မှု နည်းပြီး အထွက်ကျစေတယ်။

မိုးသံလေသံလေးကြားတာနဲ့ ရွှေခရုအသံတွေက ပူညံပူညံ ထွက်ပေါ်လာပါတယ်။ မုတ်သုံမိုးက ခေါ်လာလေသလား မသိပါ။ ကြဲပြီး၊ စိုက်ပြီးစ စပါးခင်းတွေ၊ မိုးလေးနဲ့ အပင်ပေါက်ခါစ စပါးခင်းတွေမှာ ရွှေခရု တွေဖျက်လို့ စပါးခင်းလည်းကုန် ဖြစ်နေတယ် ဆရာတဲ့။ သူတို့ဆီမှာတော့ အတော့်ကို ဂျိုမွှေတဲ့ ရွှေခရုမို့ “မွှေခရု”လို့တောင် ခေါ်နေကြတယ်။ အဲ့ဒါ ရွှေခရုကို ဘယ်လို ကာကွယ်နှိမ်နင်းရမယ် အကြံလေးပေးပါဦး ဆရာလို့ ဆိုပါတယ်။

Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာလဲ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု တုံ့နှေးသွားတာ တွေ့ရပါတယ်။
လယ်ယာကဏ္ဍဆိုရင် ဖြစ်စဉ်တလျှောက်(Supply Chain) တစ်ခုလုံးမှာ စိန်ခေါ်မှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ထဲမှာလဲ ထုတ်လုပ်ဝယ်ယူ သိုလှောင်ကြိတ်ခွဲမှု နဲ့ ပြည်ပတင်ပို့တင်သွင်းမှုဆိုပြီး နှစ်ပိုင်းရှိပါတယ်။

ကိုဗစ်ရောဂါ ရိုက်ခတ်လာမှုကြောင့် စပါးစိုက်ပျိုးရေးမှာလဲ နည်းပညာတွေ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ လိုလာပါတယ်။ အဓိကကတော့ ရင်းနှီးမြုပ်နှံမှု အခက်အခဲ၊ ဓာတ်မြေသြဇာ အခက်အခဲ၊ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ စပါးစိုက်ပျိုးတဲ့ နည်းပညာတွေကို ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာနကလဲ မိုးစပါး စိုက်ပျိုးရေးနည်းပညာများကို ပြောင်းလဲကျင့်သုံးဖို့ Media များမှာ ကြေငြာထားပြီး အချိန်ကုန်သက်သာ၊ ကုန်ကျစရိတ် သက်သာပြီး အထွက်လဲသေချာတဲ့ နည်းပညာ ဖြစ်ပါတယ်။

ငှက်ပျောနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ပိုးမွှား၊ရောဂါ အကြောင်းစုံအောင် ပြောပြချင်ပါတယ်။ ဒါမှ ကွဲကွဲပြားပြား သိရှိပြီး ကာကွယ်နှိမ်နှင်းလို့ နိုင်နင်းမှာပေါ့ဗျာ။ ငှက်ပျောပင်စိုက်ရင် ပိုးကလဲ ဒုက္ခပေးတယ်။ ရောဂါကလဲ နှိပ်စက်တယ်ဗျ။ ဖျက်ဆီးတဲ့ပိုးကတော့ (၁) ပင်စည်ထိုးပိုး၊ (၂) လှေးပိုး၊ (၃) ပျပိုးတို့ ဖြစ်တယ်ဗျ။

ဒုံပေါက်မြေ ကျွံတဲ့မြေကို ဘယ်လိုပြုပြင်မလဲ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ တောင်သူလယ်သမားကြီးများ ကြုံတွေ့နေကြရတဲ့ ဒုံပေါက်ပြီး မြေကျွံတဲ့ပြဿနာ ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ အချက်ကလေး ဆွေးနွေးပေးချင်ပါတယ်။ တောင်သူလယ်သမားကြီးတစ်ဦးက သူကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုကို မေးပါတယ်။

Page 1 of 4

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897