လယ်ယာကဏ္ဍ တုံ့နှေးသွားခြင်းအား မြှင့်တင်ရန် ကြိုးပမ်းခြင်း

Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာလဲ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု တုံ့နှေးသွားတာ တွေ့ရပါတယ်။
လယ်ယာကဏ္ဍဆိုရင် ဖြစ်စဉ်တလျှောက်(Supply Chain) တစ်ခုလုံးမှာ စိန်ခေါ်မှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ထဲမှာလဲ ထုတ်လုပ်ဝယ်ယူ သိုလှောင်ကြိတ်ခွဲမှု နဲ့ ပြည်ပတင်ပို့တင်သွင်းမှုဆိုပြီး နှစ်ပိုင်းရှိပါတယ်။


စပါးနဲ့ အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းကို ကြည့်ရင် တောင်သူတွေဟာ ထုတ်လုပ်မှုအတွက် ရင်းနှီးမြုပ်နှံဖို့ အလုံအလောက် မရှိဘူး။ အခုကာလမှာ သီးနှံအရောင်းအဝယ်ကလဲ လက်နှေးပြီး ထိုင်းနေတော့ ဈေးကျနေတယ်။ စိုက်ပျိုးစရိတ်နဲ့ တွက်ခြေမကိုက်လို့ လက်ပိုက်ကြည့်နေရတယ်။ ပဲမျိုးစုံဆိုရင် ပိုအထိနာတာ တွေ့ရတယ်။
ထုတ်လုပ်မှုမှာလဲ ငွေကြေးမပြည့်စုံတော့ အရည်အသွေးပြည့်မီတဲ့ သီးနှံထုတ်လုပ်ရေးမှာ အားနည်းနေတာ တွေ့ရတယ်။ ဖြစ်သလိုစိုက်ပြီး ထုတ်လုပ်တဲ့ စနစ်နဲ့ အများစုက သွားနေတာ တွေ့ရတယ်။ သိုလှောင်မှု အပိုင်းရောက်ရင်လဲ စနစ်တကျ သိုလှောင်နိုင်တဲ့ သိုလှောင်ရုံ အားနည်းတော့ ကွင်းပြင်မှာ ဖြစ်သလိုပုံ၊ နေပူမိုးရွာမှာ ရာသီဥတု နှိပ်စက်တဲ့ဒဏ် ခံရတော့ သီးနှံပျက်စီးဆုံးရှုံး၊ အရည်အသွေးကျဆင်းတာနဲ့ ကြုံကြရပြန်တယ်။
ကြိတ်ခွဲမှု အပိုင်းရောက်ပြန်တော့လဲ အရည်အသွေးမီ ကြိတ်ခွဲနိုင်တဲ့စက်က လက်ချိုးရေတွက်လို့ ရနေတယ်။ ဆန်စက် (၃၀၀၀၀)မှာ အဆင့်မီ ကြိတ်ခွဲနိုင်တဲ့စက်က (၃၉၇) လုံးသာ ရှိတယ်။ တကယ်တမ်း ပမာဏများများကြိတ်ရတော့မယ်ဆို အလုံအလောက် မရှိတော့ဘူး။ လျှပ်စစ်မီးမလောက်တော့ စက်လည်ပတ်ချိန် အပြည့်မရလို့ ထင်သလောက် ခရီးမပေါက်ဖြစ်နေတယ်။ တင်ပို့ရေး အပိုင်းကျတော့လဲ မြန်မာ့ဆိပ်ကမ်းက တစ်ကြိမ် ဆန်တန်ချိန် (၂၀၀၀၀) ကျော်သာ တင်ပို့နိုင်လို့ တစ်ခါတစ်ရံ အင်နဲ့အားနဲ့ တင်ပြီဆိုရင် ပစ္စည်းက ဆိပ်ကမ်းမှာ ပုံနေတယ် အလုပ်မဖြစ်ပြန်ဘူး။ တချို့ အချိန်တွေမှာ တင်မဲ့ကွန်တိန်နာ မရတော့ ဆိပ်ကမ်းမှာ ကုန်စုပုံပြီး ကွန်တိန်နာ မျှော်ရတဲ့ ဒုက္ခကလဲ မသေးလှပါ။
ဆန်စက်နဲ့ သိုလှောင်ရုံတွေမှာ ပိုးမွှားကင်းစင်ကြောင်း အစစ်ဆေးခံရာမှာလဲ သတ်မှတ်စံနှုန်းမပြည့်လို့ တင်ပို့မှု အဟန့်အတားကလဲ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ ဆီထွက်သီးနှံတွေမှာလည်း အရည်အသွေး စံချိန်စံညွှန်းနဲ့ မကိုက်ညီလို့ တင်ပို့ဖို့ အရောင်းအဝယ်လုပ်ငန်းမှာ အမြဲမျက်နှာပျက်ရပါတယ်။ ပဲမျိုးစုံသီးနှံမှာ ဆိုရင် ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။ ယခုလတ်တလောမှာလဲ ပဲမျိုးစုံကို ထောက်ခံချက် လက်မှတ်အတုနဲ့ ရောင်းချလို့ တဖက်နိုင်ငံနဲ့ ရှင်းရတာလဲ ပြဿနာတခုပါပဲ။
မြန်မာပြည်မှာ ပို့ကုန်တိုးမြှင့်ရေး မူဝါဒနဲ့ သွားနေချိန်မှာ နယ်စပ်က ဝင်လာတဲ့ သွင်းကုန်ပမာဏဟာ ပို့ကုန်ထက် (၅)ဆလောက် များနေတာ တွေ့ရတယ်။ နယ်စပ်ကနေ တင်ပို့နေတဲ့ ဖရဲ၊ သခွားမွှေး၊ သရက်စတဲ့ သစ်သီးဝလံတွေဟာ ပျက်စီးလွယ်လို့ နယ်စပ်ဂိတ်ပိတ်တာနဲ့ ပိုင်ရှင်၊ ကုန်သည်၊ ပွဲစားတွေ ကော့နေအောင် ခံစားရတယ်။ ဖျက်စီးပစ်ရတာလည်း အကြိမ်ရေ မနည်းတော့ပါ။
ကမ္ဘာ့ဈေးကွက်ကို ထောက်လှမ်းပြီး သီးနှံနဲ့ သစ်သီးဝလံ စိုက်ပျိုးရေးမှာ ပြန်လည်သုံးသပ်ပြီး စီးပွားရေး တွက်ခြေကိုက်တဲ့ ဈေးကွက်ဝင်သီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းကိုလည်း သွားသင့်ပါတယ်။ ပျက်စီးလွယ်တဲ့ သီးနှံအစား ဈေးကွက်ရှိ အထားခံသီးနှံတွေ ပြောင်းလဲစိုက်ပျိုးဖို့ စီမံသင့်ပါတယ်။ သီးနှံတခုတည်း တသမတ်တည်း မသွားဘဲ ဈေးကွက်ခြေလှမ်းကို မျက်ချေမပြတ်ကြည့်ပြီး ပြောင်းလဲဖို့ လိုပါတယ်။
လက်ရှိလယ်ယာကဏ္ဍကို ကျပ်သန်း (၂၀၀၀) ရင်းနှီးမြုပ်နှံနေရာကနေ ကျပ်သန်း (၄၀၀၀) ထိ ရင်းနှီးမြုပ်နှံရင် အကျိုးအမြတ်ဟာ ၃လခွဲ - ၄လအတွင်းမှာ ပြန်ရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ နေရာမှာလဲ အရည်အသွေးမီ ဈေးကောင်းရမယ့် သီးနှံတွေကို နည်းစနစ်နဲက ထိထိမိမိနဲ့ ထုတ်လုပ်ရင် ရောဂါ ကပ်ဘေးခံစားနေရတဲ့ နိုင်ငံတွေရဲ့ ရိက္ခာ ထုတ်လုပ်မှု လျော့နည်းသွားခြင်းကို ဖြည့်ဆီးပေးဖို့ အခွင့်အလမ်းတရပ်အဖြစ် အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံမှုမှာလဲ အရည်အသွေးကောင်း သီးနှံများ ရရှိအောင် စိုက်ပျိုးထုတ်လုပ်မှု၊ ခေတ်မီစနစ်ကျသော သိုလှောင်ရုံများ တည်ဆောက်မှု၊ အရည်အသွေးပြည့်မီအောင် မွမ်းမံပြင်ဆင်မှု၊ ဈေးကွက်ဝင်သီးနှံ ပြောင်းလဲစိုက်မှု၊ လယ်ယာမြေ အဆင့်မြှင့်တင်မှု၊ မျိုးစေ့ ဓာတ်မြေသြဇာ ပိုးသတ်ဆေးများ ကူညီပံ့ပိုးမှု၊ လယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေများ မြှင့်တင်ချေးပေးမှု၊ ရေသွင်းစိုက်ပျိုးနိုင်တဲ့ ဧရိယာ ရေလုံလောက်စွာ ရရှိမှုအပိုင်းတွေကို ထိထိမိမိ စီမံချက်နှင့် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒါဆိုရင် ယခုကာလမှာ ဖွံ့ဖြိုးမှု တုံ့နှေးနေတဲ့ လယ်ယာကဏ္ဍဟာ ရေမြင့်ကြာတင့် ဖြစ်လာမှာ မလွဲဧကန်ပါဘဲ။
သို့ပါ၍ Covid ကြောင့် တုံ့နှေးနေတဲ့ လယ်ယာကဏ္ဍကို မြင့်လာအောင် မြှင့်တင်ပေးဖို့ ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897