မိုးလေဝသစာမျက်နှာ

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ဇွန်လ(၁၅)ရက်နေ့မွန်းလွဲ(၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့နံနက် (၀၉:၃၀) နာရီ အချိန်ထိ မိုးလေဝသ တိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄) နာရီ အတွင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေရာ ကွက်ကျား၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုး ရွာခဲ့ပြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည် နယ်တို့တွင် ဒေသအလိုက်နှင့် ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန် များမှာ အမ်းမြို့တွင် (၈.၄၇) လက်မ၊ ပုသိမ်မြို့တွင် (၇.၅၆) လက်မ၊ ရှမ်း ရွာသစ်တွင် (၇.၀၂) လက်မ၊ ကျောက်တော်မြို့တွင် (၆.၈၉) လက်မ၊ မြောက်ဦးမြို့တွင် (၆.၀၂) လက်မ၊ စစ်တွေမြို့တွင် (၅.၃၉) လက်မ၊ မြောင်းမြမြို့တွင် (၅.၁၂) လက်မ၊ ပလက်ဝမြို့တွင် (၄.၇၂) လက်မ၊ ငါး သိုင်းချောင်းမြို့တွင် (၄.၀၆) လက်မ၊ မအူပင်မြို့တွင် (၃.၅၀) လက်မ၊ ဘီး လင်းမြို့တွင် (၃.၃၉)လက်မ၊ သံတွဲမြို့တွင် (၃.၂၂) လက်မ၊ ဂွမြို့ တွင် (၂.၈၃) လက်မ၊ ကမမောင်းတွင် (၂.၇၂) လက်မနှင့် မကွေးမြို့တွင် (၂.၆၈) လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း) နှင့် ကယားပြည်နယ် တို့တွင် နေ ရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာပြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုး သက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါ သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၂)ပေခန့်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၆) ပေမှ (၉) ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက် အတွက်မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။

မိုးတစ်ကြိမ်၊ နှစ်ကြိမ် ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် အတွက်မနက်ဖြန်နံနက် အထိခန့်မှန်းချက်။

မိုးအသင့်အတင့် ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။

နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

လာမည့် စနေ၊ တနင်္ဂနွေ အားလပ်ရက် များအတွက် မိုးလေဝသ ခန့်မှန်းချက်။ နေပြည်တော်တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် နေရာ အနှံ့အပြားနှင့် မန္တလေးတိုင်း ဒေသကြီးတွင် နေရာကျဲကျဲမိုးရွာမည်။


မိုး/ဇလ

Last modified on 08/12/2022

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897